.
Playstation II emulator လေးပါ....



System requirements -
Windows XP/Vista/win7 32/64 bit, Linux 32/64 bit
Pentium 4 processor and 512MB of RAM.
Core 2 Duo 3.2 Ghz processor,
Nvidia GeForce 8600 GT graphics card or better and 2GB of RAM


PCSX2 v9.6 ဖြစ်ပါတယ် ။ http://pcsx2.net ကနေ free ပေးထားတဲ့
emulator လေးပါ ။ ဒါပေမဲ့ bios ကိုတရားဝင်ပေးထားခြင်းမရှိပါဘူး ။
တစ်ကယ့် PS2 စက်ထဲကနေပြီးယူရမယ်လို့ပြောထားပါတယ် ။ ဒီ emulator
ကိုအလွယ်တကူ download လုပ်လို့ရပေမဲ့ bios file ကိုတော်တော်ရှာယူ
ရတာပါ ။ နောက်တော့ emulator ရော bios ပါတင်ထားပေးတဲ့နိုင်ငံခြား
ဆိုက်တစ်ခုကိုတွေ့ပါတယ် (ကျွန်တော်လည်းဆွဲထားတာကြာပြီဖြစ်လို့ link
ကိုတော့မမှတ်မိတော့ပါ ) ။ အဲ့ဒါကြောင့်ကျွန်တော်ဆွဲထားတဲ့ဟာလေးကိုပဲ
ပြန်တင်ပေးလိုက်ပါတယ် ။ Graphiccard က8600GT ဆိုလို့စိတ်ဓါတ်မကျ
လိုက်ပါနဲ့ ။ configuration တွေပြောင်းဆော့လို့ရပါတယ် ။ emulator ဆိုတော့
တစ်ကယ့်စက်လောက်တော့ဘယ်ကောင်းမလဲပေါ့ဗျာ ။ တစ်ချို့ဂိမ်းတွေကို
ဆော့ဖို့အတွက် config..တွေသက်သက်ပြောင်းရတာရှိပါတယ် ။ ဆော့လို့မရ
တဲ့ဂိမ်းတွေအတွက်ပြောင်းရမဲ့နည်းတွေကိုတော့ ဂိမ်းအလိုက် google မှာရှာ
ကြည့်ကြပါ ။


PCSX2 emulator : http://www.mediafire.com/?khwbtiyef7h6g6r

Download လုပ်ပြီးတဲ့ PCSX2.zip ဖိုင်ထဲမှာ Bios , Plugins နဲ့ setup file
တွေပါ ပါတယ် ။ install လုပ်ပြီးရင် Bios ထဲက file တွေအားလုံးကို (copy)
C:\Program Files\Pcsx2\bios ထဲသို့ကူး (paste) လိုက်ရင်ရပါပြီ ။ Plugin
လည်းဒီပဲကူးရုံပါပဲ ။ ဒီလောက်ဆို P2 အခွေထည့်ပြီးဆော့လို့ရပါပြီခင်ဗျာ ။


ဆော့တိုင်းအခွေထည့်ပြီးဆော့နေရင် Drive နာသလို Game ထဲက loading
တွေလည်းကြာတတ်ပါတယ် ။ အကောင်းဆုံးကတော့ အခွေကို iso လုပ်ထား
ပြီးစက်ထဲထည့်ထားတာအကောင်းဆုံးပါ ။ iso လုပ်တဲ့ software နှင့် virtual
drive software လေးကိုလည်းတင်ပေးလိုက်ပါတယ် ။

Iso maker : http://www.mediafire.com/?ape8k1m598cb5wi

DAEMON Tools Lite : http://www.mediafire.com/?abqhhh80lwhve3c



software ၂ ခုကို install လုပ်ပြီးပြီဆိုရင်
ဆော့မယ့် P2 Game DVD တစ်ခွေကိုထည့်ပြီး ISO maker နဲ့ ISO တစ်ခု
လုပ်ပါ ။


Task bar မှ DAEMON Tools Lite icon လေးကိုနှိပ်ပြီး ရလာသည့် ISO file ကို ဖွင့်လိုက်ရင်
CD drive အသစ်ထဲကို Game CD ကဝင်သွားပါလိမ့်မယ် ။

နောက်ပြီး PCSX 2 ရဲ့ configuration ထဲမှာ DVD Drive ကိုပြောင်းလိုက်ရင်ရပါပြီ ။

မသိသေးသောသူငယ်ချင်းများအတွက်ပါ
အားလုံးပဲအဆင်ပြေနိုင်ကြပါစေဗျာ :)

 

Orbit Downloader 4.0.0.11 Final Multilingual Portable