မိမိဖျောက်ချင်တဲ့ Driveကိုဖျောက်မယ်
Posted by kyawkokoit on Tuesday, June 14, 2011
ဒီနည်းလေးကတော့
တော်တော်များများ သိပြီးသားဖြစ်ကြမှာပါ။ တော်တော်လေးလည်း
ကြာနေခဲ့ပါပြီ။ ဒါပေမယ့် Software မသုံးပဲ လုပ်လို့ရတာက တစ်ကြောင်း၊
မေးတဲ့သူငယ်ချင်းတွေလည်း ရှိနေတာကတစ်ကြောင်းမို့ တင်ပေးလိုက်ပါတယ်။ CMD
ကနေ ဖျောက်တဲ့နည်းလေးပါ။ ဆော့ဝဲမသုံးပဲ လုပ်ရတာကို စိတ်ဝင်စားတဲ့
သူငယ်ချင်းများအတွက် ဝေမျှပေးလိုက်ပါတယ်။လုပ်နည်း
1. Start > Run > Cmd လို့ရိုက်လိုက်ပါ။ 2. ကျလာတဲ့ Cmd Box လေးထဲမှာ diskpart လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။
3. နောက်တစ်ဆင့် အနေနဲ့ list volume
လို့ရိုက်ပြီး Enter ခေါက်လိုက်ပါ။ မိမိစက်ထဲမှာရှိတဲ့ Drive တွေရဲ့ List
ကိုပြသပေးပါတယ်။ မရှင်းခဲ့ရင် အောက်မှာ ပုံလေးကို ကြည့်ပေးပါ။
4. အဲ့ဒီကမှာ မိမိဖျောက်ချင်တဲ့
Drive ရဲ့ Volume နံပါတ်ကို ရွေးပေးရပါမယ်။ ဒါကြောင့် select volume 2
လို့ရိုက်ပေးလိုက်ပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က Drive E
ကိုဖျောက်ချင်လို့ပါ။ ပုံလေးကိုကြည့်ပေးပါ။
5. နောက်ဆုံးအဆင့် အနေနဲ့ Remove
Letter E လို့ရိုက်ပေးလိုက်ပါ။ ကျွန်တော်က E ကိုဖျောက်မှာမို့ E
လို့ရွေးပေးတာပါ။ E နေရာမှာ မိမိဖျောက်ချင်တဲ့ Drive Letter ရွေးပေးရမှာ
ဖြစ်ပါတယ်။ ပုံလေးကြည့်လိုက်ရင် ရှင်းသွားမှာပါ။
6. Reboot ပေးရမယ်လို့ ပြောထားတဲ့ အတွက် Restart ပေးလိုက်ရင် မိမိဖျောက်ထားတဲ့ Drive လေး ပျောက်သွားမှာဖြစ်ပါတယ်။


