ကဗျာပြတိုက်မှကြိုဆိုပါတယ်
ဒီဇင်ဘာ ဒဏ်ရာ
ချစ်သူရေ…
မင်းကို ပြန်လည်တမ်းတ
လွမ်းဆွတ်ရတဲ့ အရသာက
ပူလောင်တယ်ဆိုတာ
သိစေချင်လိုက်တာ…..။
အကွေ့ အကောက်တွေနဲ့ 
ကြမ်းတမ်းလှတဲ့ ငါဘ၀ထဲမှာ
မင်းက တခဏပဲ နားခိုသွားတယ်နော်…..။
ငါကတော့ တစ်ဘ၀စာ မှတ်လို့…
”နင်ဟာ လမ်းပြကြယ်…
နင်ဟာ ငါ့ရဲ့ နတ်သမီး…” ဆိုပြီး
လေးဖြူရဲ့ သီချင်းကို ဆိုပြမိခဲ့ …။
အခုတော့…
မင်းပေးခဲ့တဲ့ အမှတ်တရတွေနဲ့
၂၀၁၀ ဒီဇင်ဘာရဲ့ ဒီ ပထမ ညချမ်းမှာ
ငါ… ငိုကြွေးနေရပြီ….။
ဒီလိုနဲ့ ပဲ..
မျိုးကြီးဆိုထားတဲ့ သီချင်းကို
ငါ ပြန်တွေးမိတယ်…။
”အချိန်မီသာ ပြင်ဆင်ခွင့် ” …တဲ့ ။
အချိန်တွေ နောက်ပြန်လှည့်လို့ 
မင်းနဲ့ မတွေ့ ခင် ဟိုး..အရင်ချိန်တွေကို
ပြန်လည်ရောက်ရှိလာရင်
ဘယ်လောက် ကောင်းလိုက်မလဲ…။
တချို့ က ဆိုတယ်…
”ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
ချစ်သူ့ လက်ကို တစ်ခါ ကိုင်ချင်တယ်…” တဲ့ 
ငါကတော့ …
ဒုက္ခနဲ့ တစ်ခါကြုံတိုင်း
မင်းအကြောင်း သိမ်းထားတဲ့ 
ငါ့ရင်ထဲက အကန့် လေး တစ်ကန့် ကို
ဖျက်ဆီးပစ်လိုက်ချင် ရဲ့ …
နောက်ဆုံး…
ငါ …သေသွား တဲ့  အထိပေါ့…။
တောင့်တမိတယ်…….
ပတ်ဝန်းကျင်ရဲ့တိုက်ခတ်မှု…
မလိုသူတွေရဲ့ကဲ့ရဲ့မှု…..
နားလည်မပေးတက်သူတွေရဲ့
အပြစ်တင်မှု…….
မောက်မာသူတွေရဲ့ရက်စက်မှု
ခါးသီးတဲ့ကံတရားရဲ့…….
ဒဏ်ခတ်မှုတွေကြား…..
အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရပေမယ့်….
အဆုံးမသတ်သေးတဲ့ဘ၀မှာ…..
နားလည်ပေးတတ်သူတွေကြား…..
ဘယ်တော့များမှ…..
ငါ……ပျော်မွေ.ခွင့်ရမှာလဲ?….
ချစ်သူ (Kitty Yang)
ချစ်သူ
ချစ်ခြင်းမှာမာနဆိုတာ
မရှိသင့်တဲ့အရာပါကွာ
စိတ်ကောက်တယ်ဆိုတာ
အချော့ခံချင်လို့ပါ
ဒါပေမယ့် ချစ်သူ
ဒါတွေမင်းမသိတာတော့
ခံပြင်းတယ်။
ချစ်သူ
ငါငိုရင်ဝမ်းနည်းတယ်ဆို
ငါ့မျက်ရည်တွေ မင်းရှေ့မှာ
ကျစေချင်လိုက်တာ
ဒါပေမယ့် ချစ်သူ
မင်းမျက်နှာကို မြင်ရင်
အလိုလို အပြုံးပန်းတွေ
ပွင့်ဖူးတယ်။
ချစ်သူ
နှလုံးခုန်နေသရွေ့
ချစ်နေမယ်ဆို
အခုချိန်မှာတော့
“ဟုတ်သေးရဲ့လား” လို့
မေးချင်လိုက်တာကွာ
ဒါပေမယ့် ချစ်သူ
မင်းရဲ့မျက်နှာ
ညှိုးသွားမှာ စိုးမိတယ်။
ချစ်သူ
ငါက ပျော်ရွှင်မှုတွေ
ယူဆောင်လာတယ် ဆို
အခုတော့ မဟုတ်တော့ဘူးတဲ့လား
ဝမ်းနည်းမိပါတယ်
ဒါပေမယ့် ချစ်သူ
နားလည်မှုနဲ့အတူ
မင်းကို ပျော်ရွှင်ခြင်းတွေပဲ
ပေးတော့မယ်။
ချစ်သူ
ငါဟာမင်းအတွတ်
တန်ဖိုးမဖြတ်နိုင်ဘူးတဲ့လား
ဒါပေမယ့် ချစ်သူ
ငါ….. ယုံကြည်မှုတွေ လျော့ပါးလာပြီ
ငါဟာ မင်းရဲ့ ရတနာ မှ
ဟုတ်သေးရဲ့လား လို့
ထပ်မေးပါရစေ။
၁၉.၁၁.၂၀၀၇
တစ်ခွန်းစကား (တာရာမင်းဝေ)
ရနံကိုတော့ရတယ်
ဒါပေမယ့်….ငါ့ကိုမွှေးတာမဟုတ်ဘူး ။
ဒီတောအုပ်ဒီကျောက်သားက
ရင်အုံ့မောက်မောက်နဲ့ပြားနေလိုက်တာ ။
ဘာဖြစ်လဲ
ငါဟာ….သိန်းငှက်တစ်ကောင်
ကိုယ့်လေးညှို့ကိုယ်ဆွဲပြီးထွက်ခဲ့တယ်…။
တာရာမင်းဝေ
http://taryarminwaimemorial.blogspot.com/ မှကူးယူဖေါ်ပြပါသည်
ငါတောင်းမဲ့ဆု
ပြုလုပ်သူရဲ့ နေရာ
နင်လို.သိလိုက်ရတဲ့ ခဏ
ခံစားခဲ့ရသူ ငါ
ခွင်.လွှတ်ပေးလိုက်တယ်
ငါ. ချစ်ခြင်းက နင်. အတွက်ဆို
ခွန်အားမဲ့တယ်။
အေးပါ
ငါ ဟာ နင်.အတွက်
အပျော်တွက်
ပုစ္ဆာတစ်ပုဒ်ဆိုတာ
သဘောပေါက်ပါတယ်
စဉ်းစားတိုင်း
အဖြေထွက်ခဲ့မယ်ဆိုရင်
ငါ.လောက်စဉ်းစားရလွယ်တဲ့
  ပုစ္ဆာ မရှိဘူးလို.
ငါ  ၀န်ခံတယ်။
မြှောက်ဖော်ကိန်းရဲ့ ဘေး
ကြိုက်ရာ အစားသွင်းတဲ့ အထဲ
ငါ ပါတယ်
ငါ ဟာ
Substitution Formula။
အတွက်ခက်မှာ ဆိုးတဲ့ စိတ်နဲ့
တွေ.သမျှတန်ဖိုးတိုင်း
ညီမျှခြင်းထိုးပေးခဲ့တာ
ငါ. တန်ဖိုးရဲ့ အတီမ်အနက်
ဘာနဲ့ တိုင်းခဲ့သလဲ
အေးလေ
တန်ဖိုးခြင်းမှ မတူခဲ့တာကိုး။
ပြောရက်တယ်
အဖြူရောင်သံယောဇဉ်တဲ့
ငါကတော. အဖြူကို အရောင် ထပ်ချွတ်တယ်
ငါ. အချစ်က
သတ်မှတ်ချက်တွေ ကင်းတဲ့ အရာ။
တစ်ချိန်ကလေပြေလို.
ထင်ခဲ့တဲ့နေရာ
ခုတော. မုန်တိုင်းဗဟိုချက်ဖြစ်တာ
သိလိုက်ရပြီ။
ဝေးနေဆဲ
စကားလုံးတွေထွက်ခွါသွားကြတယ်
မင်းနဲ့ဝေးရာဆီတဲ့………..
ဘယ်သွားမယ် ဘယ်လာမယ်
ပြန်လာမယ် ပြန်မလာဘူး
ဟဟတောင်ပြောမသွားခဲ့ကြပါဘူး….
အရှောင်အတိမ်းကောင်းတဲ့စကားလုံးတွေ
လိုက်ရှာလို့လဲမတွေ့ခဲ့ပါဘူး
လိုက်မရှာဖို့လဲပြောမသွားခဲ့ကြပါဘူး
ပုန်းလျှိုးကွယ်လျှိုးစကားလုံးတွေရဲ့နောက်
စိတ်မကျန်းမမာဖြစ်နေတဲ့စကားလုံးတွေရဲ့နောက်
အပြုံးအရယ်မရှိတဲ့စကားလုံးတွေရဲ့နောက်
နေရောင်ကြောက်တဲ့စကားလုံးတွေရဲ့နောက်
မလှမပစကားလုံးတွေရဲ့နောက်
အိပ်မက်တွေမယုံကြည်တဲ့စကားလုံးတွေရဲ့နောက်
ငါက…………
တကောက်ကောက်လိုက်မတဲ့လား
မဟုတ်ဘူး
ငါက……….
အရင်ကတည်းကသွားနှင့်ပြီ။။။
အမရာ
အကြောင်းပြချက်မပေးပေမယ့်ငါနားလည်ခဲ့ပါတယ်…….(terry)
ပုဂ္ဂလိကညနေခင်းတစ်ခု….
စိတ်ကူးတွေထိုင်သောက်ရင်းနဲ့ 
ပြောနေချိန်ပေါ့ ……။
ထင်မှတ်မထားပဲရွာတဲ့မိုးလို
ပြိုဆင်းလာတဲ့စကားသံတွေ
ရုတ်တရက်ပဲသည်းထန်သွားတယ်…။
“ဦးဏှောက်ကိုရတာ
မဆန်းပါဘူး….
ငါကိုယ်တိုင်ရွေးချယ်ခဲ့တာ
နှလုံးသားမှမဟုတ်တာ”တဲ့….
သောက်လက်စကော်ဖီမှာ
ငါ့အအတွေးတွေသီးကုန်တယ်…။
မတူညီတဲ့ကြားထဲကပဲ
နှစ်ဦးသဘောတူ
ငြိမ်သက်သွားတယ်…….
မုန်တိုင်းတစ်ခုရဲ့
ပထမဆုံးတိတ်ဆိပ်ခြင်းလိုပေါ့..
ပန်းချီကားတစ်ချပ်ရဲ့
တဖြည်းဖြည်းဆည်းဆာဆန်လာတယ်။
ဘယ်လိုများ
ပြင်ဆင်လိုက်လဲလို့ 
ငါမမေးဖြစ်တော့ပါဘူး…
ကိုယ်ချင်းစာတတ်ခြင်း
ခံစားချက်…
သူမအဘိဓာန်ထဲမှာမရှိခဲ့လို့ ပဲ…။
ကန္တာရထဲကအပင်ကို
ရေလိုတယ်ထင်တာကိုက
ငါစမှားတာပါ……
သူငါ့ကိုလင်းစေချင်တဲ့အလင်း
အခြားတစ်ယောက်ကို
မြင်လိုခြင်းအတွက်ပဲဖြစ်တယ်။
…….
ငါအပြစ်မပြောခဲ့ပါဘူး
ပိုးဖလံတစ်ကောင်လိုပဲ
ငါမြတ်နိုးတဲ့မီးအတွက်
ကျေကျေနပ်နပ်နဲ့ကို
သေတတ်ချင်ခဲ့တာပါ……။
သူမ သိခဲ့တာက
အလုပ်တစ်ခုဟာ
အတွေးကနေစတယ်တဲ့
ဒါပေမယ့်…….
နင့်အပေါ်မှာထားတဲ့
ချစ်ခြင်းတရား
မတွေးတတ်ခင်မှာပဲ
ဖြစ်ပျက်သွားတာပါ……။
သူငယ်ချင်းတဲ့လား…..
နေကျဲကျဲတစ်ကွက်နဲ့တော့
ငါ့ကော်ဖီခွက်ပြန်ပူလာဖို့ 
ဆုမတောင်းတတ်ချင်တော့ဘူး….
ရာသီတွေလွဲနေတဲ့
ကောင်းကင်မှာ
ပုံမှန်မဟုတ်ခြင်းကိုက
နေသားကျနေပါပြီ…..။
လိုအပ်လို့ ပဲဖြစ်ဖြစ်…..
မလိုအပ်လို့ ပဲဖြစ်ဖြစ်….
ဖျတ်ခနဲလက်သွားတဲ့
လျှပ်စီးလို…
တစ်ခါတစ်ရံသတိရခြင်း
မျိုးလောက်ရှိရင်ပဲ…
ငါ..ကျေ..နပ်..လိုက်..ပါ..ပြီ…..။
ချစ်သူ ...ဒါတွေ ....မင်းသိရဲ့လား(ကဗျာ)
တစ်ယောက်နဲ့ တစ်ယောက် ခိုင်မြဲတဲ့ အချစ်တွေနဲ့
ဘ၀တစ်သက်စာ လက်တွဲဖော်လို့
ရင်မှာ ရည်မှန်း ချစ်ခဲ့တာပါ ချစ်သူ .. ။
နှစ်ကိုယ်တူ ဘ၀ အကြင်နာ ယုယမှုလေးတွေနဲ့
နွေးထွေတဲ့ ဘ၀လေး တည်ဆောက်ကြမယ်လို့
ရင်မှာ ရည်မှန်း ချစ်ခဲ့တာပါ ချစ်သူ .. ။
မင်းကို ဘယ်လောက်ကြီး ချစ်ပါတယ်လို့
မပြောတာကို စိတ်မဆိုးပါနဲ့လားကွာ ..
ကို ပြောလိုက်ရင် ...
မင်း အပေါ်မှာ ထားတဲ့ အချစ်တွေ
လျော့သွားမှာ စိုးလို့ပါကွာ ...
နားလည်ပေးပါ ချစ်သူရယ် .. ။
မင်းအပေါ်မှာ ..
စစ်မှန်တဲ့ သစ္စာတရား လေးနက်တဲ့ အချစ်
ရိုးသားတဲ့ နားလည်မှုတွေနဲ့
ကိုယ်အသက်ရှင်နေသမျှ
မင်းအပေါ်မှာ ချစ်နေမယ်ဆိုတာရော ....မင်းသိပါ့မလား ..
အကြင်နာအနမ်းခါးခါး . . . .
ခရေ ပင်တွေ ပတ်လည် ၀ိုင်းနေတဲ့ ခရေ ပင်လမ်းထဲမှာ ဖြေးညင်းလေးတွဲ စွားလျှောက်လာတဲ့ လူနှစ်ယောက် … တစ်ယောက်က မိန်းကလေး တစ်ယောက်က ယောက်ျားလေး .. ။ နှစ်ယောက်လုံး ရဲ့ မျက်ဝန်းတွေထဲမှာ အဓိပ္ပာယ် ရှိပြီး လက်ရှိဆန္ဒတွေ ပြည့် စုံ နေတဲ့ မျက်ဝန်း နက်နက်လေးတွေကိုယ်ဆီနဲ့ ညနေခင်းလေး ဟာ အလိုလို အထီးကျနမဆန်ပဲ လှပနေသည် ။
မိန်းကလေး ။ နင်ငါ့ကို တကယ်ချစ်လားဟင် ။
ကောင်လေး ။ သိပ်ချစ်တာပေါ့ကွာ။
အရာရာဟာဆွတ်ပျံ ကြည်နူးဖွယ်အပြည့်နက်နေသည်။
မိန်းကလေး ။ ကောင်လေးရယ် ဒီစကားတွေဟာ နင့်ဆီက အကြားချင်ဆုံး စကားတွေပေါ့ ။ ငါသိပ်ပျော်တယ်သိလား ။
ကောင်လေး ။ ငါတော့ ဒီစကားတွေ ကို နင့်ဆီ ကမကြားချင်ဘူးကွာ ။
ကောင်မလေး ။ ဟမ် ! ဘာကြောင့်လည်း .. ။ ဘာကြောင့်လည်းဟင် ။
ကောင်လေး ။ ဘာကြောင့်လည်းဆိုရင် …………………
ကောင်မလေး ။ ငါကတော့ တကယ်ပဲ နင့်ဆီ ကဒီစကား အမြဲကြားချင်ခဲ့တာပါဟာ ။
ကောင်လေး ။ ငါကတော့ မကြားချင်ဘူးဟာ … ။ ကောင်မလေး မျက်နှာမှာ မျက်ရည် ကြည်တွေ ဥလာသည် ။ နောက်ပါးပြင်ထက်မှာ မျက်ရည်သောက်မြစ်ဘက်မှ မြစ်ဖျားခံ ပြီး စီးဆင်းလာသည့် ဆွေးခြင်း မျက်ရည်တွေနယ် ။
ကောင်မလေ ။ နင်ငါ့ကိုတကယ် မချစ်ဘူးပေါ့နော် ။ လွမ်းဆွတ်ငိုရှိုက်သံ နှင့် အတူ နှလုံးသားဆီ မှ တဆက်ဆက်နာကျင် တုန်ခိုက်သံ သည် တိတ်ဆိတ်နေတဲ့ ခရေ ပင်လမ်းတစ်လျှောက် အကာအကွယ်မဲ့ စွာ ပျံလွင့်ကုန်သည် ။ နောက်တိတ်ဆိတ်စွာ လေညင်းတိုးသံ နှင့်အတူ ၀ိဥာဏ် ကင်းမဲ့နေသည့်အလား တစ်လှမ်းချင်းတစ်လှမ်း ချင်းနဲ့ ကောင်မလေး အိမ်နားသို့ ရောက်လာသည် ။
ကောင်မလေး ။ ဘာကြောင့်လည်း ။ ဘာကြောင့်လည်းဟင် သိခွင့်မရှိဘူးလားကွာ။
ကောင်လေး ။ နင်တစ်ကယ်ကို ပဲ သိချင်တာလားကွာ ။
ကောင်မလေး ။ အေးပေါ့ ။ နင်မချစ်ဘူးဆိုရင် ဘာကြောင့်လည်းဆိုတဲ့ အကြောင်းပြချက်တော့ သိချင်တာပေါ့ဟာ ။
ကောင်လေး ။ သူကောင်မလေး ကိုပွေ့ဖက်လိုက်သည် ။ နောက်အနမ်းချို ခါးလေး တစ်ချက် သူမ၏ နှာတံ ကြားလေးထဲသို့ ၀င်ခွေ့လိုက်သည် ။ နောက် သူမနားနားသို့ ကပ်ပြီး ။ ဘာကြောင့်လည်း ဆိုရင် နင့်ဆီက စကားလုံး သုံးလုံးလောက် တည်းနဲ့ငါ့အတွက် မလုံလောက်လို့ပေါ့ဟာ ။
ခရေပင်လမ်းတစ်လျှောက် ခရေပန်း များ ဝေဖြာပွင့်လန်းကုန်ကြလေပြီ ။ သိပ်ချစ်တယ် ဆိုတဲ့ ပင်စည်ကြီး ကို ခိုင်မြဲအောင် ကုပ်တွယ်ပေးထားတဲ့ အမြစ်က ပြုံးပြီး ကြည့်နေသလို ပင်ဖျားမှ အကြင်နာ ပန်းတွေသည် ပွင့်လန်းလို့ ဝေဆာနေပေသည် ။
ဒဏ်ရာ
ဒဏ်ရာတွေ ဗလပွနဲ့ မချိမဆန့်
နာကျင်ငြီးတွားနေရပေမယ့်
အားရှိသလောက်လေး
မင်းအတွက် ငါပြုံးကြည့်ချင်သေးတယ်
ချစ်တယ်ဆိုတာ တစ်ကယ်တော့ အပြောလွယ်သလောက်
ခံစားရတာက မချိမဆန့်ရယ်ပါ
သောကတွေအပေါ်က အပြုံးတုတွေနဲ့ပဲ
အခါတလဲလဲ မလုံ့တလုံဖုံးဖိနေရတာ
ကြာလာတော့ အချစ်ဆိုတာကို စိတ်ကုန်လာတယ်
ဗလောင်ဆူနေတဲ့ ရင်ခွင်တစ်ခုလုံးကို
သွန်လိုသွန်မှောက်လိုမှောက်လို့
မင်းလက်ထဲ အပြီးအပ်လိုက်ချင်မိခါမှ
မင်းက လူသတ်သမားအပြုံးမျိုးနဲ့
ခပ်ယဲ့ယဲ့ ပြန်ပြုံးပြလိုက်တာကို
မြင်လိုက်တဲ့ တစ်ခဏလေးမှာ
ငါမှင်တက်မိသွားတဲ့ ယုန်တစ်ကောင်လို
ယောင်လည်လည်နဲ့ အတိတ်မေ့ချင်သွားတယ် ..
နာကျင်နေပေမယ့် ငါ မငြီးတွားချင်ဘူး
လူကြားကောင်းအောင် အော်ဟစ်ငြီးတွားနေမယ့်အစား
ငြိမ်ငြိမ်လေးနဲ့ ကြိတ်မှိတ်နာကျင်နေရတာကို
ငါပိုခုံမင်တယ် ....
ငါမင်းအတွက် အဖိုးမဖြတ်နိုင်တဲ့
အချစ်တွေနဲ့ပြည့်နေတဲ့ ငါ့ဘ၀တစ်ခုလုံးကို
ပေးလိုက်ရပေမယ့်
ရလိုက်တာက ယိုင်နဲ့နေတဲ့အပြုံးတစ်ခုလေ
ဒါပေမယ့် ငါကြေနပ်ပါတယ်
ဒီလို ဒသနဆန်တဲ့ ဒဏ်ရာတစ်ချို့
မင်းဆီကနေ ရလိုက်မိလို့ပေါ.
ယောင်တောင်ပေါင်တောင်နဲ့
အချစ်နယ်ပယ် တစ်စွန်းတစ်စကို
စပြီးခြေလှမ်းလိုက်တာနဲ့တောင်
ဒီလောက်အထိ မွန်းကြပ်မှုတွေနဲ့
ပြွတ်သိပ်နေရင်
ကြာလာရင် လမ်းပျောက်မှုတွေနဲ့ငါလမ်းမှောက်တော့မယ် ထင်တယ် ....
 ကျွန်တော်တငိပေးထားသောကဗျာများသည်ကျွန်တော်ကိုတိုင်ရေးသားထားချင်းမပာုတ်ပါ
ကဗျာများရေးသားပို့ ချင်ပါကkyawkoko150@gmail.comသို့မေးလ်ပိုဆက်သွယ်နိုင်ပါသည်
မင်းသဘောအတိုင်း
ချစ်သူ …
မင်းပျော်ရွှင်စေဖို့
တော်ဝင်မဆန်တဲ့ ကိုယ့်ရင်ခွင်က
ဟာသတစ်ပုဒ် ဖြစ်ချင်ဖြစ်ပါစေ
ကိုယ်ကျေကျေနပ်နပ် ပြက်လုံးထုတ်ပြပါ့မယ် …
ငါ သတိရခြင်း များစွာနဲ့ 
ဖွင့်ဖောက် ဖတ်မိတဲ့ နင့်ရဲ့ စာတစ်စောင်
မညီညာတဲ့ လက်ရေး လှလှ တွေအောက်မှာ
ငါ့ အသက် ပျောက်ချင်တယ် 
ကျန်းမာရေး ဂရုစိုက်ဖို့ 
အရက် လျှော့သောက် ဖို့ 
သောက နဲ့ အမှာပါး
မော ဟ နဲ့ ဗျာများခဲ့သမျှ
နင် အနေဖြောင့်တော့ ၊၊       ၊၊
ဇာတ်လမ်းဟောင်းကို အသက်သွင်းဖို့ 
နင် နဲ့ သွားခဲ့တဲ့  အအေးဆိုင် အိုနွဲ့ နွဲ့ လေးမှာ
ငါ ဖြေသိမ့်ဖို့ ထိုင်တယ် 
စီးကရက်တွေ တစ်လိပ် ပြီး တစ်လိပ် ရှိုက်ဖွာ
သောက နဲ့ သက်ပြင်း တွေ မီးခိုးငွေ့ ကြား
လွင့်စင်သွားခဲ့တယ်
နာရီသံတွေကြား အရင်လို နင်များ ငါ့ကို ချိန်းမလား အတွေးနဲ့ 
အဲဒီ ဆိုင်မှာ ငါ တစ်နေကုန်တယ်
ခြေကုန်လက်ပမ်း တွေ ကျလို့ 
ငါ ဒုက္ခ ကို မီးထွန်းရှာတယ် ၊၊        ၊၊
လရောင် အောက်က နီယွန် မီးရောင်တွေ အကြား
နင့် အိမ်ရှေ့ က အုတ်ခုံ မှာ ဂစ်တာတစ်လက်နဲ့ 
ဝေဒနာ သက်သာရာ သက်သာ ကြောင်း
ငါ တီးတိုးရင်ဖွင့်မိတယ်
အရင် လို နင် ခန်းဆီးလေး ဖွင့်ပြီး 
ငါ့ သီချင်း ခိုးခိုး ပြီး နားထောင်လေမလား
မီး ပိတ်ထားတဲ့ နင့်အခန်း လေး ငါတွေးဆွေး လို့ 
ပတ်ဝန်းကျင်ကို ငါ နားစွင့် မိတယ်
အို . . . နင့်ခြေသံ တွေလား ၊၊        ၊၊
ငါ့ အခန်းမီးပိတ်လို့  လဲလျောင်း
အတွေးတွေ ဟိုတစ်စ တစ်စ ပျံ့ လွင့်
အရင်လို ငါ အိပ်မပျော်တိုင်း နင်နဲ့ ဖုန်းပြောဖို့ 
ငါ့လက်တွေ နင့်ဖုန်းနံပါတ်ပေါ် ကျသွားတယ်
လူကြီးမင်း အစချီသော စကားသံများနဲ့ 
လိုင်းကိုဖြတ်  ငါ မွန်းကြပ်နေခဲ့တယ်
ဖုန်းပိုင်ရှင် နင် 
အခု ဘယ် သောင် ကမ်း မှာ တင်နေလဲ ၊၊           ၊၊
လောကဓံ က ဘယ်လက်ဝါး ညာလက်ဝါး အစုံ နဲ့ 
နင် နဲ့ ငါ ကို ရိုက်ချလို့ အပြီးမှာ
ဒဏ်ရာတွေ ပရပွ နဲ့   အတိတ်ကို လှည့်အကြည့်
ရာဇ၀င် ထဲ က နင် ငါ့ကို မျက်ရည်များနဲ့ ပြုံးပြတယ်
ငါ့ အခန်းတံခါးကို ခေါက်  နင် ခြေရာဖျောက်လို့ 
သစ်ပင်အိုတွေ အကြား 
နင့်ကို ငါ ခပ် ပါးပါးလေး မြင်လိုက်တယ်
နင် နေလို့ မှ ကောင်းပါစ ၊၊          ၊၊
ဘ၀ ပေါ်က ပုံမှန် မဟုတ်တဲ့ လမ်းကြောင်းတွေ
ငါ အခု စမ်း မလျှောက်တော့ဘူး
မလျှောက်ရဲလို့ တော့ မဟုတ်ဘူး
ဒါတွေကို ရင်ဆိုင်ကြည့်ဖို့ 
ငါ့ ညာလက်မောင်း ကို အားတင်းလိုက်ချိန်မှာ
ငါ့ ဘယ်လက်မောင်းမှာ မှီ နေမဲ့
နင့် ပါးဖောင်းဖောင်းလေး တစ်စုံ  ရှိမှ မရှိတော့ပဲ
ရူးနှမ်းခြင်း များစွာ နဲ့ 
ငါ မျက်ရည်များ ဖြင့် ထူးချွန်ခဲ့တယ် ၊၊         ၊၊
နွေအိုဟောင်း ကာလက ဥသြတွန်သံ ကြားမှာ
ငါ့ ရိုးတွင်းချဉ်ဆီ အထိ နင့်ကို လွမ်းတယ်
သစ်ရွက်ကြွေတွေကြား ရင်ခုန်သမှု နဲ့ 
လမ်းတွေ လျှောက်ခဲ့သမျှ
အခု လောကဓံ တွေကြားမှာ စိုးရိမ်မှုတွေနဲ့ 
နင့် ကို လိုက်ရှာနေမိတယ်
အို . . .ပျံလေတဲ့ ငှက်ခါး ဘယ်အကိုင်းမှာ မင်းနားသလဲ ၊၊        ၊၊
                                                              (၂)
ငါ သတိရခြင်းများစွာနဲ့ 
နင့်ဆီကို စာရေးလိုက်တယ်
ငါ့ကို ဆရာဝန် က ဆေးမှန်မှန် သောက် တဲ့
အဲဒီ ဂျူတီကုတ် အဖြူရောင် အင်္ကျီ တွေ နဲ့ လူတွေ ရဲ့ 
ဂရုဏာ မျက်လုံးတွေ ငါ သေလောက်အောင် မုန်းတယ်
စိတ်လျှော့ ပြီး ဖြေသိမ့် ငါ သည်းခံနေလဲ
နာရီများ အကြားက ဆေးသောက်ချိန် ဆိုတာကို
ငါ ပုံမှန် ရှောင်ပြေးတတ်နေပြီ ၊၊            ၊၊
နင့် နဲ့ မတွေ့ ရတဲ့ ကာလ ပတ်လုံး မှာ
ငါ့ အလွမ်းမျှော်စင်ပေါ်က ဒဏ်ရာသမိုင်းတွေအကြောင်း
ငါ့အမေ ကို ရင်ဖွင့် ပြမိတယ်
သူက ပြောတယ်   
“ သား ပင်ပန်းနေမယ် အိပ်လိုက်တော့တဲ့ ”
စိတ်ထောင်းလို့ ကိုယ်ကြေ 
ငါ နင့်စိတ်နဲ့ သေရတော့မယ်ဟ ၊၊            ၊၊
ငါ အိပ်ရာထက် က တိတ်တဆိတ် နိုးထ
အခန်းတံခါး အသာဟ လို့ 
ခြေဦးတည့်ရာ ငါ ပြေးထွက်ခဲ့တယ်
ခြေသံတွေ တရှပ်ရှပ် နဲ့ 
ခေါ်သံတွေ ထပ်လို့  ငါ့နောက်ကို သူတို့ ပြေးလိုက်
ငါ့ကို ချုပ်နှောင်လို့  ဒဏ်ရာအသစ်တွေ ထပ်ပေးကြတယ်
အဆောက်အဦ တစ်ခု က အခန်းငယ်လေးမှာ
ငါ့ ကို လှောင်ပိတ်လိုက်ကြတယ်
ကုတင်ပေါ် မှာ မှေးစက် လို့  
လူတွေ ကြားက အမေ့ မျက်ရည် ငါ့ရင်မှာ မချိဘူးဟာ ၊၊              ၊၊
နောက်တစ်နေ့ မှာ
ငါ အခန်းတံခါးကို ထုနှက် 
ငါ့ကိုလွတ်လပ်ခွင့် ပေးဖို့  သူတို့ အားလုံးကို
ငါ ငိုယိုတောင်းပန်ခဲ့တယ် 
မှန်တံခါးအ၀ က  သောကနဲ့ ချောင်းကြည့်တဲ့ အမေ့မျက်နှာကို အမြင်မှာ
ငါ သတိကို ကပ်လို့ နေရာမှာတင် ခွေခွေလေးလဲတယ်
နင် ဘယ်မှာလဲ ဟာ ၊၊          ၊၊
စိတ်ဓါတ်ကျခြင်းများက ငါ့ကိုဖိစီး
နင် မရှိတဲ့ ကောင်းကင် မှာ
ငါ လ မသာ ချင်တော့ဘူး
စိတ္တဇညတွေ ကြား
ငါ အလွမ်းများနဲ့  တေးမသီချင်တော့ဘူး
လက်တွဲလို့ လျှောက်ခဲ့သမျှ လမ်းတွေ ဟာ
လက်ချင်းဖြုတ်ပြီး အရာရာကို ရင်ဆိုင်ဖို့ ဆိုရင်
အပေးအယူ မမျှ တ တဲ့ လောကဓံကြားမှာ
ငါ နှစ်ခါပြန် သေလိုက်မယ် ၊၊           ၊၊
င့ါကို မေမေက ချော့မြူလို့  ထမင်းကျွေးတယ်
ငါ မှ မစားချင်တာ ဟာ
နင့်ကို တွေ့ လိုက်ရရုံနဲ့ အာဟာရ သိဒ္ဓိ ပြီးစေမဲ့ အကြောင်း
သူတို့ မသိကြဘူး
ဘ၀ဟောင်းက ၀ဋ် က ငါ့ လက်ရှိကို
ကောင်းကောင်းကြီး ကလဲ့စားချေတယ်
ကံကြမ္မာ ရယ် အငြိုးရှိရင် ကျေလှည့်ပါတော့ လား ၊၊         ၊၊
ငါမုန်းတဲ့ ဂျူတီကုတ် နဲ့ လူက ငါ့ကို ဆေးချော့မြူတိုက်တယ်
သူတို့ အားလုံးက ငါ့ကို ဂရုဏာ နဲ့ ဖြောင်းဖြ လို့ 
ငါ စိတ်ပျော်အောင် နေခိုင်းကြတယ်
ငါ့ကို လူရာ မသွင်းကြတော့ဘူး လား
“ကျုပ်မရူးဘူး ခင်ဗျားတို့ အားလုံးရူးနေကြတာ”
အဲဒီ နေရာ က  ငါ ဒေါသ နဲ့  ပြေးထွက် 
နင့်ဆီကို အရောက်လာနေပြီ
နင့်ဆီကို အရောက်လာနေပြီ
နင့်ဆီကို အရောက်လာနေပြီ 
                                                        (၃)
ပန်းစည်းလေးကို နင့်အုတ်ဂူပေါ်ကိုချ
နင် လဲလျောင်းရာ မြေမှာ ဒူးထောက်လို့ 
နောင် တစ်ဘ၀မှာ ဆုံဆည်းခွင့်ကို ငါတောင်းတယ်
ငါ အားတင်းထားလဲ မျက်ရည်တွေ ကျမိတယ်
ငါ အသိတရားတွေကို စုစည်း
နင် နဲ့ ဆန့် ကျင်ဘက် အရပ်
ငါ လျှောက် ထွက် လာ ခဲ့ ပြီ
ဒါပေမဲ့ . . .
ငါ့  ရဲ့  အ တိ တ်  က စာ မျက် နှာ တိုင်း  မှာ
နင် ရှိ  နေ  ခဲ့ တယ်   ၊၊       ၊၊
လမင်းဇော်
ပင်လယ်ရေးတဲ့စာ (တာရာမင်းဝေ)
ရေတံခွန်ကြီးတစ်ခုလို ခုန်ချလိုက်ချင်တယ်
မြင်းမိုရ်တောင်ကိုလည်း မိုးကြိုးးပစ်ချလိုက်ချင်ရဲ့။
ကျောက်မြင်းရုပ်ကြီးလိုပဒပ်ရပ်ထချင်တယ်
ပင်လယ်ကဗီးပင်တွေလိုလည်းတရှဲရှဲအော်လိုက်ချင်တယ်။
ခုတော့….ဘယ်ဖြစ်တော့မှာလဲ
သူမက
ငါ့ကို
ငြိမ်ငြိမ်လေးပဲ
လက်ပိုက်ရပ်နေတဲ့….။
တာရာမင်းဝေ
သုညကမ္ဘာက ငါ
သုညကမ္ဘာမှာ
မင်းမူနေတဲ့ ငါ
လမ်းလျှောက်နေသူတွေက
လျှောက်ဆဲ လျှောက်မြဲပေါ့
သူတို့တော့ရောက်ကုန်ပြီ
အတ္တပေါစိတ်တွေနဲ့
ယိုင်နေခဲ့တာက ငါ
ဘာသာအတွေးနဲ့ ည
ရူးရဖို့နဲ့ လက်တစ်ကမ်းအကွာ….။      ။
ဇူလိုင် ၁၅ ၊ ၂၀၀၀ အမှတ်တရ
စိတ်ကဗျာ
စိတ်တွေကိုအဆင်ပြေသလိုခင်းကျင်းလိုက်တဲ့အခါ
စကားလုံးတွေမခမ်းနားတတ်ဘူး…..
စိတ်တွေကိုငိုတတ်သလိုငိုချခွင့်ပေးလိုက်တဲ့အခါ
စကားလုံးတွေမခမ်းနားတတ်ဘူး….
အလေအလွင့်အတွေးတွေကိုရိုးသားခွင့်ပေးလိုက်တဲ့အခါ
စကားလုံးတွေမခမ်းနားတတ်ဘူး….
ငိုနေသလား ၊ ပျော်နေသလား
ကြေကွဲနေသလား ၊ ဆွေးနေသလား
မျှော်လင့်နေသလား ၊ ဥပေက္ခာပြုထားသလား
စိတ်တွေကိုအဲဒီမှာဖတ်ပါ
စိတ်တွေကိုကဲ့ရဲ့ပါ
စိတ်တွေကိုအပြစ်တင်ပါ
စိတ်တွေကိုရှုံ့ချပါ
စိတ်တွေကိုဝေဖန်ပါ
စိတ်တွေကိုချီးမွမ်းပါ
လွတ်လပ်စွာကွဲလွဲပါ
သနားတတ်တဲ့အကြည့်တွေကိုတော့ထိန်းသိမ်းပါ
ကြံ့ခိုင်နေပါအုံးမယ်…။။။
အမရာ
တနေ့ နေ့  . . . တော့
တနေ့နေ့တော့
သှူုနှုတ်ခမ်းလခြမ်းကွေးလေးထက်က
သူ့အပြုံးလေးတွေ . .
တခါပြန်. . ငေး ခွင့် ရ။
တနေ့နေ့တော့
သူ့အပြုံးတွေထဲက. .အမုန်းတွေဖယ်ခွာလို့
သူ့အနမ်းတွေ . .
တခါပြန်. . တွေး ခွင့် ရ။
တနေ့နေ့တော့
သူ့အနမ်းတွေနဲ့ လက်ကမ်း
သူ နဲ့ အတူဆိုတဲ့ အိပ်မက်များစွာ မှန်း ခွင့် ရ။
တနေ့နေ့တော့
သူနဲ့အတူအိပ်မက်များမှ အနာဂတ်လမ်းတွေလှမ်း
ဘ၀လမ်း အတူဖြတ်လို့
ရာသက်ပန်ချစ်အနမ်းတွေနဲ့
သူ့နှုတ်ခမ်းတွေ ပန်း ပွင့် စေ။
တနေ့နေ့တော့
သူ့အတွက် အလွမ်းတွေ တနင့်တပိုးထမ်း
ရင်ခွင်ထဲ အဆိပ်သင့်အနမ်းတချို့နဲ့
သူ ပြန်လှမ်းလာဖို့ ဆုတောင်းတို့ ပြည့်စုံ
လက်ချင်းတွဲ အစွဲအလမ်းတွေထဲ
ထာဝရခိုင်မြဲသွားမယ့် အလွမ်းတို့နဲ့
ကမ္ဘာပျက်တဲ့ထိ အနမ်းတွေ ဆက်
သူ့အပါးခစားခွင့်တို့ မူပိုင်ရ လို့
သူ့ကို . . .တဘ၀စာ သိမ်းပိုက် ခွင့်ရပါရစေ။
ကျွန်မရင်ခွင်ထဲက. .
အိပ်မက်အလွမ်းတို့
အနာဂတ်မှန်းနိုင်စေဖို့
သေချာစွာ . . သူ ပြန် လာမှာ ပါ
တ နေ့ နေ့ ပေါ့
(ကျွန်မ ယုံကြည်နေပါရစေ မောင်ရယ်)
                                      ပိုင်ဆိုင်ခွင့်
မင်းမချစ်ရင်လည်း အဝေးက ကြည့်နေရုံပဲပေါ့
ငါကို ချစ်ပါလို့ ပြောခွင့်မှ မရှိတာ
မင်းမုန်းရင်လည်း အဝေးက ချစ်နေရုံပဲပေါ့
ငါကို မမုန်းပါနဲ့လို့ တားခွင့်မှ မရှိတာ
မင်းသတိမရရင်လည်း အဝေးက တမ်းတနေရုံပဲပေါ့
ငါကို သတိရပါလို့ ပြောခွင့်မှ မရှိတာ
မင်းဂရုမစိုက်၊ လျစ်လျူရှူထားရင်လည်း အဝေးက တောင်းတနေရုံပဲပေါ့
ဂရုစိုက်ပါ၊ လျစ်လျူမရှူပါနဲ့လို့ တောင်းဆိုခွင့်မှ မရှိတာ
ချစ်ခြင်းတစ်ခုမှာ
ပိုင်ဆိုင်ခြင်းတွေ ရှိမယ်ဆိုတာ
ငါ ယုံကြည်တယ်လေ
တရားဝင်ပိုင်ဆိုင်ခွင့် မရှိတောင်
ငါရဲ့စိတ်ကူးတစ်ခုမှာ
ငါဟာ မင်းရဲ့ချစ်သူ ဖြစ်ခွင့်ရှိလေရဲ့
အဲ့ဒီမှာ အမုန်းမရှိဘူး
လွမ်းခြင်းတော့ ရှိမှာပေါ့
မင်းမှ မရှိတာ……။
ဆောင်းနှင်းဖြူ                       
အားမာန်သစ်
လောကဓံ ဘယ်လောက်ကြမ်းကြမ်း
ရဲရင့်စွာရင်ဆိုင်နိုင်ဖို့
ပြင်ဆင်မှုတွေမပြည့်စုံသေးပေမယ့်
ခွန်အားသစ်ကလေးအတွက်
ကြိုးစားချင်စိတ်တွေ...မွေးဖွားလာခဲ့တယ်
ကလေးရေ...
မင်းဘဝလေး..ချောမွေ့စေရေး
ဘယ်သူ့ကိုမှ အရှုံးမပေးကြေး
ကြယ်တာရာတွေတောင်ငေးမောနေစေရမယ်..။
                             မိုးစက်ငယ်
ဆု
ပူလောင်ပြင်းပြပြီး
မူးရစ်ရီဝေတဲ့
ဝိုင်တစ်ခွက်လို
တပ်မက်တဲ့အချစ်မျိုးကို
ငါကြောက်တရ်..........
အေးမြငြိမ်းချမ်းပြီး
သန့်စင်ခြင်းများစွာနဲ့
နှလုံးသားကို
ပြည့်ဝငြိမ်သက်စေမယ့်
အချစ်မျိုးသာ ငါတောင့်တတာပါ.....
အချစ်ဆိုတာ
ဒုက္ခတွေအမျိုးမျိုး
လိမ်လည်ခြင်းတွေအလီလီနဲ့
နောက်ဆုံးတော့
အသဲကွဲခြင်းဆိုတာကိုလဲ
မခံစားချင်ဘူး........
သစ္စာတွေ အထပ်ထပ်
မေတ္တာတွေ ရစ်ပတ်လို့
ရင်အခုန်ဆုံးနှလုံးသားမှာ
လာခြင်းကောင်းတဲ့အချစ်တွေကိုတာ
ငါမျှော်လင့်မိတာပါ..........
တသက်တာအတွက်ပေးဆပ်
တဘ၀လုံး ပုံအပ်ချင်သူကို
ကြည်လင်အေးမြတဲ့ အချစ်တွေနဲ့
ထာဝရ ပွေ့ဖက်ထားရင်း
ရမ္မက်ကင်းစင်တဲ့
အလိုချင်ဆုံး 'ဆု' တစ်ခုကို
မင်းပေးနိုင်ပါ့မလား.........ချစ်သူရယ်။
အလွမ်းနေ့စွဲ
သတိရတိုင်း...ပြန်ဆုံဘို့ ပဲ..
အတွေးရှိနေတဲ့..စက္ကန့်တိုင်း...လေ
ခုလိုအပျော်တွေများနေတဲ့....နှစ်တနှစ်တွက်..
ချစ်သူရယ်..သတိတရ..လွမ်းရတိုင်း...
ငါတယောက်တည်း...ထီးကျန်လွန်းတယ်...
အပြင်မှာရွာနေတဲ့....နှစ်ဦးကြိုမိုးတွေ...ကို
ငါ စကားတခွန်းပြောပြချင်တယ်...
ငါကျေနပ်တယ်လို့...
နင့်စိတ်အတွေးထဲမှာကော...ချစ်သူ..
ငါစကားလေးခွန်းလေးမေးချင်တယ်..
ငါအတွေးလေးထဲမှာ...
နင်လိုက်လို့မှီ ပမလား....
ပြင်းခြောက်ခြောက်ပူ...ခဲ့တုန်းက ..
ရာသီဥတုထဲမှာလဲ....ကြွေကျလာတဲ့
သစ်ရွက်တွေနဲ့ ..စကားတွေပြောဖြစ်တယ်..
အချိန်တွေကုန်ပါစေ....ငါတို့ ကတိတွေ..
တစိမ်းမဆန်ခဲ့ ပါနဲ့လို့လေ..
တချိန်ဆိုတာကို...မှန်းဆရင်းလေ..
မမြင်ရတဲ့ အခါ....မေ့တတ်ကြပါတယ်တဲ့...
စိတ်ကူးနဲ့...ရည်မှန်းရင်း..
ချစ်သူ.....နင့်လက်ကလေး..ဆုတ်ကိုင်ရင်း..
ငါ ထွေးပွေ့ထားတယ်.
ငါ့ရင်ဘတ်တစ်ခုလုံးမင်းရဲ့ရာသီဥတုဖုံးနေတာလေ
အဆုံးတစ်ဖက်အတွက် ..ရုန်းထွက်ဖို့မစဉ်းစားမိပါဘူး . . .
ဒီတိုက်ခတ်လာမယ့်..လေပြေညှင်းနဲ့
ချစ်ခြင်းတွေ အရောင်မှိန်သွားမယ်လို့
ယောင်လို့တောင် မတွေးလိုက်နဲ့ဦး . .
ပြန်မလှည့်တော့မယ့်ခြေလှမ်းနဲ့
ငါမနမ်းဖူးတဲ့..ချစ်သူပါးပြင်လေးတွက်
တွေဝေခြင်းကင်းကင်း
စိတ်ကူးနဲ့...ခွင့်လွှတ်ပါလို့..
ပြောပြရင်းနမ်းမိခဲ့တယ်. . ။ ။
This free website was made using Yola.
No HTML skills required. Build your website in minutes.
Go to www.yola.com and sign up today!
Make a free website with Yola